ဘရောဇ်ာမှာ မြန်မာ ယူနီကုဒ့် လွယ်လွယ်ကူကူ ပေါ်ဖို့

ကဲ ဒီတခါတော့ ပြောပြချင်တာက တော့ မြန်မာ ယူနီကုဒ့် တွေ ကို ကောင်းကောင်းမွန်မွန် ပေါ်အောင် ဘယ်လို အလွယ်ဆုံး လုပ်မလဲ ဆိုတာပါ။ လောလောဆယ် မှာတော့ မြန်မာ ယူနီကုဒ့် ကို သုံးဖို့ တိုက်တွန်းတဲ့ သူက တွန်းပေမယ့်၊ ဘယ်လိုဘယ်ပုံ အသုံးချ ရမယ်။ ဘယ်လိုပြုပြင် ပေးရမယ်ဆိုတာ တော့ ပြောပြပေးဖို့ မရှိသလောက်ဘဲ ... ဘေးက အမြင်မတော်တဲ့ သူက ညွှန်ပြပေးနေရတော့ တမျိုးကြီးဘဲ ဗျာ့နော် ... ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ မြန်မာစာ ကို အထောက်အကူ ပြုစေမယ့် ယူနီကုဒ့် စနစ်အတွက်တော့ မပြည့်စုံသေးမယ့် စမ်းသုံးနိုင်အောင်တော့ ခြေတလှမ်း စပြီးလှမ်း လိုက်ရအောင် ...

firefox အတွက် ဇော်ဂျီကို တော့ ကိုစေတန် က ရေးပေးထားတဲ့ အလွယ်ကူ ဆုံးပုံစံ က
Firefox မှာ Zawgyi font setting ကို ဘယ်လို setting ချရမလဲ။ about:config ကို မသုံးတတ်ဘူး။ စတာတွေ.. စတာတွေ… အတွက်.. ဒီ bat file လေးကို download ချ ။ double click နှိပ်လိုက်။ မည်းမည်း screen တက်လာမယ်။ ခဏနေ ပြန်ပိတ်သွားမယ်။ ခဏလေးပဲ တက်လာမှာနော်။ ပြီးရင် firefox မှာ zawgyi font အလိုအလျောက် setting ချထားပြီးသားပါ။ ပြီးတော့ firefox ကို မြန်စေမယ့် နည်းလမ်းတွေပါ တစ်ခါတည်း setting ချပေးထားပါတယ်။
သူက အဲလိုရေးပေးထားတာ ပေါ့။ အဲရေးထားတဲ့ .bat ဖိုင်ကို notepad ဖိုင်မှာ ဖွင့်လိုက်ရင်

@echo off
taskkill /F /IM firefox.exe
cd "%HomePath%\Application Data\Mozilla\Firefox\Profiles\*.default"
echo user_pref("font.default.x-unicode", "Zawgyi-one,serif"); >> prefs.js
echo user_pref("font.name.cursive.x-unicode", "Zawgyi-one,Comic Sans MS"); >> prefs.js
echo user_pref("font.name.monospace.x-unicode", "Zawgyi-one,Courier New"); >> prefs.js
echo user_pref("font.name.sans-serif.x-unicode", "Zawgyi-one,Arial"); >> prefs.js
echo user_pref("font.name.serif.x-unicode", "Zawgyi-one,Times New Roman"); >> prefs.js
အဲလို တွေ့ ရမှာပါ။ သူကတော့ ဇော်ဂျီ အတွက် လုပ်ပေးထားတာ။ ကျွန်တော်ကတော့ သူရေးပေးထားတဲ့ ကုဒ့်လေးကို ပြန်ပြင် ပြီး တခြား မိမိ သုံးလိုတဲ့ ယူနီကုဒ့် နာမည်လေး ပြောင်းထည့် လိုက်မယ်လေ။ အဲလိုဆိုရင် ကျွန်တော် တို့ သုံးလို့တဲ့ ယူနီကုဒ့် စာလုံးလေးလဲ... ပီပီပြင်ပြင် အသက်ဝင်လာမှာပေါ့။း( တခုရှိတယ်နော် ဇော်ဂျီ ကို ပြန်ကြည့် ရင် စာလုံးတွေ က သိုင်း ကွက်နင်းနေ သလိုလေး ဖြစ်နေမယ် ... စမ်းသပ်ကြည့်ကြတော့ ... ဘာမှ မလုပ်ရင် ဘာမှတော့ မဖြစ်ဘူး ... ဘာမှလဲ တတ်လာမှာတော့ မဟုတ်ဘူး .....
ကဲ အောက်က ကုဒ့်တွေ ကို notepad ထဲကို ကူးယူပြီးတော့ အဲထဲက မိမိသုံးလိုသော စာလုံးနာမည် နေရာမှာ မိမိ ပီပီသသ ပေါ်ချင်တဲ့ စာလုံးကို ပြောင်းထည့်ပြီး သိမ်းဖို့လုပ်ပါ။ ဖိုင်နာမည် ကို မိမိနှစ်သက်ရာပေးနိုင်ပေမယ့် ဖိုင်အမျိုးအစားကိုတော့ .bat လို့ ရေးပြီးသိမ်းမှ ကိုစေတန် ညွှန်း သလို Firefox Zawgyi fixed just double click အတိုင်း မိမိ သုံးချင်တဲ့ စာလုံးတွေလဲ သူလုပ်ပေးထားတဲ့ ပုံစံမျိုး အလွယ်တကူ ပြောင်းလဲ သုံးစွဲ လာနိုင် မှာပါ။
@echo off
taskkill /F /IM firefox.exe
cd "%HomePath%\Application Data\Mozilla\Firefox\Profiles\*.default"
echo user_pref("font.default.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,serif"); >> prefs.js
echo user_pref("font.name.cursive.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Comic Sans MS"); >> prefs.js
echo user_pref("font.name.monospace.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Courier New"); >> prefs.js
echo user_pref("font.name.sans-serif.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Arial"); >> prefs.js
echo user_pref("font.name.serif.x-unicode", "မိမိသုံးလိုသော စာလုံးနာမည်,Times New Roman"); >> prefs.js
သုံးစွဲလို့ အဆင်ပြေတယ် ဆိုရင်တော့ ကိုစေတန် ကို ကျေးဇူးတင် စကား ပြောသွားလှည့် ပါ။

ကိုစေတန် ရှိနေတဲ့ နေရာ နဲ့ သူရေးထားတဲ့ ပိုစ့်တော့ http://www.saturngod.net/?p=768 မှာပါ။ Credit: ကိုစေတန် ။ အားလုံးကိုယ်စား Firefox Zawgyi fixed just double click ပိုစ့်အတွက် ကျေးဇူးတင် ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်အတွက်...

လူဖြစ်နေသော .... တချို့ ...

ကျွန်တော် ဘလော့ဂ်မှာ ပုဂ္ဂိုလ်ရေး၊ လှုမှုရေး စတဲ့ အကြောင်းအရာတွေကို ဘယ်တုန်းကမှ မရေးခဲ့ပါဘူး။ ကျွန်တော် သိသော၊ ဖတ်မိသော နည်းပညာ အချက်အလက်တွေကို ရေးသား ကူးယူဖေါ်ပြခဲ့ပါတယ်။ ဆိုလိုတာက လိုင်းမပူးချင်ဘူး၊ ရေးချင်ရင် တခြားတခု လုပ်ပြီးတော့သာ ရေးဖို့ စိတ်ရှိခဲ့တာမို့၊ အခုရေးလိုက်မိတဲ့ အကြောင်းက ပထမဆုံးနဲ့ နောက်ဆုံးဖြစ်သလို၊ မည်သူ့ကိုမှ ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ပါဘူး ဆိုတာကို ကြိုတင် ပြောထားပါရစေ။


မင်္ဂလာနှစ်သစ် ၂၀၀၉ မှာ လူသားတိုင်း ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်သူတွေ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ တစ်နှစ် ကုန်လို့တစ်နှစ်ဟောင်း သွားပြီဖြစ်လို့၊ နှုတ်ခွန်းဆက်စကားတွေ လှိုင်လှိုင် ပြောနေချိန်မှာ တွေ့မြင်ခံစားရတာလေးတွေကို ကျွန်တော် ရေးပြချင်လို့ပါ။ ၂၀၀၉ ရဲ့ ပထမဆုံးဖြစ် ပိုစ့် ဖြစ်သလို့၊ ဦးဆုံးအကြိမ် သူတပါးတွေ အပေါ် ဝေဖန်တဲ့ အမြင်တခုပါ။





ကျွန်တော် အနေနဲ့ သူတပါးအပေါ် ဘယ်တုန်းကမှ အဆိုးမြင်ပြီး ပြောခဲ့တာကို အတတ်နိုင်ဆုံး ရှောင်ရှား ပြောဆိုတတ်တာကို သိသူရှိသလို၊ မသိသူတွေ ရှိနေမှာ ငြင်းစရာမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က သူများအမြင်တွေကို သိပ်ပြီးတော့ လက်ခံတဲ့ အယူအဆ မရှိလို့ဘဲ။ ဥပမာဗျာ ... အလှူတခုမှာ လှူတဲ့သူက လှူပေမယ့်၊ ဒါနမြောက်အောင် လက်ခံပေးမယ့် သူမရှိရင် ... အဲ အလှူဟာ .... အလှူပြီးမြောက်တယ်လို့ မယုံကြည်ရလို့ဘဲ။ အချုပ်ဆိုရရင် လူတွေက ကိုယ်အပေါ် အကောင်းမြင်မြင် အဆိုးမြင်မြင် ကိုယ်က နေပြီး ဂရုမပြု အလေးမထားရင် အဲတာဟာ သူ့မှုလပိုင်ရှင်ဆီကို ပြန်လည် ရောက်ရှိခံစားစေတယ် လို့ နားလည်တယ်။


တရားရစရာလို့ ပြောချင်တာက လူတွေက မိမိကိုယ်ကို လူအထင်ကြီးဖို့၊ နာမည်ကြီးဖို့၊ လူတယောက်ကို ပြန်လည် အသုံးချတတ်တယ်ဆိုတာ ပိုလို့ သိလာတယ်လို့ နားလည်လာလို့ ရာဇသင်္ကြန် အမတ်ကြီး ပြောခဲ့တဲ့ စကားလုံးတွေကို ပိုမိုလို အမှတ်ရစေခဲ့ တယ်။


ကျွန်တော် အသက် ၃၀ ပြည့်လို့ ၃၁ ထဲ ရောက်လာတဲ့ အချိန်မှာ နေရာဒေသ စုံက လူတွေ၊ ဘဝတွေ ကို တွေ့စုံ ခင်မင် ဖြတ်သန်း ကျော်ဖြတ် လှည့်စား အသုံးချခံခဲ့ရတယ်။ မှတ်မှတ်ရရ စပြောရရင် အဲလို ကြုံဆုံဖို့ ဖန်လာခဲ့တာ ကျွန်တော်ရဲ့ ၁၇ ပြည့်တဲ့ အောက်တိုဘာ မှာ မြန်မာနိုင်ငံရဲ့ ဝေးရာ ဒေသတခုက ဦးလေးဆီကို နိုင်ငံတကာအဆင့်မီ ပညာတွေသင်ဖို့ ထွက်ခွာလာတဲ့ အချိန်က စပြီးတော့ ပေါ့လေ။ ပေးဆပ်ခဲ့ရတာတွေ မနည်းလှဘူး၊ ပြန်လည် ရရှိခဲ့တာတွေက ဘာမှ မရှိခဲ့သလောက်ဘဲ။ ဒါပေမယ့် ကျွန်တော် အခုလက်ရှိ ရောက်နေတဲ့ ဘဝ ကို ကျေနပ်တယ်၊ ရောင့်ရဲတယ်၊ ကျွန်တော် ဒီကနေ့ မှာ ကျွန်တော်အတွက် သိပ်ပြီး ရလိုမှုတွေ မရှိတော့ဘူး၊ အတိုင်းအတာ တခုထိဘဲ ရှိတော့တယ်။ ကျွန်တော်နိုင်တာ သိတာ နားလည်တာ၊ ပေးနိုင်တာတွေကို လိုချင်ရင် ပေးမယ် မလိုချင်ရင် နေ ... လုပ်ချင် စရာတွေအများကြီး လုပ်ဖို့ ရှိတယ် ... ခွေးဟောင်တိုင်း ထကြည့်ဖို့ အချိန် မပေးနိုင်ဘူး ...


အဲလိုဘဲ ၂၀၀၉ မှာ နေတော့မယ် ... ဘာလို့လဲ


မြန်မာတွေအများစုဟာ

တယောက် ယောက်က တခုခုလုပ်တော့မယ် ... လုပ်နေပြီဆိုရင် ဘယ်တော့မှ အကောင်းမြင်တဲ့ဘက်က မကြည့်ဘဲ အဆိုးဘက်က မြင်တတ်ကျတယ်။ သူတပါးရဲ့ လုပ်ရပ်အပေါ်ကို ဆုံးဖြတ်ချက်တခု မပြီးခင်မှာ ချတတ်ကြတာ၊ လူများရင်၊ အင်အား ကြီးရင် မှန်တယ်လို့ ယူဆပြီး၊ အင်အားနည်းတဲ့သူအပေါ်ငြိမ်နေသူအပေါ်၊ အားနည်းချက်ရှိလို့ ငြိမ်နေသူအပေါ် မှာ ဖိပြီးပြောတတ်ကြတာ ...

လူမြင်ကွင်းမှာ သူ့ထက်သူ နိုင်ငံချစ်တဲ့သူ မရှိလောက်အောင် ပြောပြီး ... တကယ်တမ်းကျတော့ ကိုယ်ကျိုးရှာနေသူတွေ ဖြစ်နေတာ ...

လူမြင်ကွင်းမှာ ဟိုဟာဖြစ်တယ် ဘာဖြစ်တယ် ပြောပြီး နောက်ကွယ်မှာ တိတ်တိတ်ပုံး လုပ်နေတာ ...

လေသံကြား တရားနာ ဆိုသလို၊ ဘယ်သူဘယ်ဝှာ ဖြူသလား၊ မဲသလားတောင် မသိတဲ့ သူတွေ၊ မှန် မမှန် ဦးနှောက် နဲ့ မစဉ်းစားတတ် တဲ့ ပညာတတ်ကြီးတွေ (ခွေးကိုလက်ပေးသင်ရင် လက်ပေး တတ်သလို၊ မျောက်ကို အုန်းသီးခူးခိုင်းသလို တတ် နေ တဲ့ သူ)၊ နိုင်ငံရေးသမားကြီးတွေလိုလို လူကြားကောင်းအောင် အော်နေသူတွေ၊

ဟုတ်/မဟုတ် သေချာ၊ မသေချာတာကို မသိဘဲ ရမ်းတုတ်၊ တုတ်ကိုခွေးချီးတို့ပြီး ရမ်းနေသူတွေ ...

တခါတလေ ဒေါသမဖြစ်မိအောင် သတိ ထားရတယ် ... လမ်းလျှောက်ရင် ခလုပ်တိုက်တာ မစမ်းဘူး၊ အဲတာကို မကောင်းမြင်ရင်လည်း မတတ်နိုင်ဘူး၊ တခုဘဲ ရှိတယ်။ ကိုယ် အမူအရာ ကြမ်းရင် အဖယုတ်လို့တဲ့၊ နှုတ် အမှုအရာ ကြမ်းရင် အမိယုတ်လိုတဲ့...

ကိုယ့်ကြောင့်တော့ အမိအဖတွေ ကို အဲလိုမဖြစ်စေချဘူး။ ယုတ်စေချင်သူတွေသာ ဆက်ပြီးတော့ မိုက်ကျစေတော့... ကျွန်တော် ကိုယ်တိုင်တော့ ဘာဘာ ဘာမှ မပြောတော့ပါ..........

ထပ်ပြော ရင်လည်း ပြီးတော့မယ် မထင်ဘူး။ သေချာတာတခုကတော့ အဲလိုပြောနေသူတွေဟာ မိမိ ဘယ်သူဘယ်မှာ ဆိုတာ ကိုတောင် လူကြားထဲမှာ မပြောရဲတဲ့သူ၊ ကာယံကံရှင်နဲ့ တိုက်ရိုက် ရင်ဆိုင် စကားမပြောဝံ့သူ၊ အသက်အရွယ် မပြည့်သေးတဲ့သူ အပေါ်မှာ မဟုတ်တရား လုပ်ထားတဲ့သူကို သူရဲကောင်းကြီးလို့ သတ်မှတ်ကိုးကွယ်နေသူ၊ ဘာမှ ကိုယ်ကိုင်က အဖြစ်မရှိဘဲ လူတကာကို အပြစ်လိုက်မြင်နေသူ၊ မိုးပြော ဂျိုးပြော လူတွေ၊ သူများက ဟိုဟာဆို လိုက်ပြီး၊ အပြစ်ပြော ... ပြီးတော့ ကိုယ်တိုင်က လုပ်နေသူ၊ သစ်ပင်မစိုက်ဘဲ အသီးစားချင်သူ၊ စားမိတဲ့ အသီးချဉ် တော့ အပင်ကို ပြန်ဆဲသူတွေပါပဲ …


ဪ ....... နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ကူးသွားခဲ့ပြီ၊ ကျွန်တော်တို့ လူမျိုးရဲ့ မကောင်းတဲ့ အကျင့်တွေကို ဒီလိုသာ ဆက်လက် သယ်ပိုး ယူဆောင်နေကြမယ်ဆိုရင်ဖြင့်........ မြန်မာ နိုင်ငံမှာ ငြိမ်းအေးးချမ်းသာရဖို့၊ တိုးတတ်အောင်မြင်လာဖို့ ကို နောက်ထပ် မျိုးဆက်တွေ ၃ ဆက်လောက် ရင်းတာတောင် လောက်မယ် မထင် ...

ဆက်လက်ဖတ်ရှုရန်အတွက်...

မြန်မာဘလော့ဂ် အကယ်ဒမီဆုပေးပွဲ ကျင်းပမည်

Myanmar Blog Academy Award 2008
Myanmar Blog Academy Award 2008
မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ်ပြင်ဆင်မှု များကို ကမကထ ပြု ပံ့ပိုးပေးခြင်း ခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစ်စု ၏ အားထုတ်မှု၊ မြန်မာသတင်းသမဂ္ဂ ၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အထွေထွေ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၁ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။

ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်အတွက်...

top